မြန်မာအွန်လိုင်းသတင်း   9.9.2013
ပြင်သစ်အစိုးရအနေဖြင့်  ဆီးရီးယားအစိုးရကို  ဓာတုလက်နက်အသုံး ပြုတိုက်ခိုက်မှုဖြင့်  မည်သို့မည်ပုံ  အပြစ်ပေးဆုံးမမှုနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်ကို  လာမည့်သီတင်းပတ်ကုန်ပိုင်းတွင်  ချမှတ်သွားမည်ဖြစ်ကြောင်း  ပြင်သစ်သမ္မတ  ဖရန်ဆွာဟော်လန်က ပြောကြားလိုက်သည်။  မိမိတို့သည်  ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို စောင့်ဆိုင်းနေကြောင်း၊ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး  ပြည်သူသို့ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတကပြောသည်။ အမေရိကန်ကွန်ဂရက်ကလည်း  ဆီးရီးယားကိုတိုက် ရန်ထောက်ခံလိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ ကုလသမဂ္ဂ စုံစမ်းမှုအစီရင်ခံစာ ထွက်ရှိပြီးပါက တစ်ချိန်တည်းမှာ ဆုံးဖြတ်ချက်ချလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Post a Comment

 
Top