တိုင်းရင်းသားများပါ
တက်ရောက်ခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လဒုတိယပတ်က ကျင်းပခဲ့သော NLD
နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောနေစဉ်
စက်တင်ဘာ ၆ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင်
ပြုလုပ်ခဲ့သည့် ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရန်အချက် အများစုကို သဘောတူညီမှု ရရှိခဲ့ပြီး စက်တင်ဘာ ၇
ရက်(ယနေ့)တွင် တိုင်းရင်းသား အဖွဲ့ ၁၃ ဖွဲ့နှင့် ဆက်လက် ဆွေးနွေးသွားမည်
ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
သဘောတူညီခဲ့သည့် အချက်များကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိဘဲ
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရှေ့နောက်မညီသည့် အချက်များနှင့် လက်တွေ့တွင်
ပြင်ဆင်ရန် ဖြစ်နိုင်ခြေရှိသည့် အချက်များ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
''အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အချက်တော်တော်များများ သဘောတူညီမှု ရပါတယ်။
အဲဒါကို ပြန်ပြီးအချော ပြန်ပြုစုမယ်။ ပြုစုပြီးရင် ဒေါ်အောင်ဆန်းစုကြည်
ခရီးစဉ်က ပြန်လာရင် ထပ်မံအစည်းအဝေး ထိုင်မယ်။ ပြီးရင် လောလောဆယ်အားဖြင့်
ခုနစ်ဦးကော်မတီ ဖွဲ့ထားတယ်။ အဲဒီကော်မတီက တစ်ဦးချင်းစီက
ကျန်တဲ့အထောက်အကူပြု အဖွဲ့ဝင်တွေနဲ့တွဲပြီး တစ်တိုင်းပြည်လုံး
ဒီကိစ္စရှင်းလင်းရေး လုပ်သွားမှာပါ။ ခန့်မှန်းခြေ ဒီလကုန်လောက်မှာ ဖြစ်မယ်''
ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
NLD မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတွင်
ဦးထွန်းထွန်းဟိန်၊ ဦးအောင်သိန်း၊ ဦးကျော်ဟိုး၊ ဦးကြည်ဝင်း (လပွတ္တာ)၊
ဦးမောင်ဖေတင်၊ ဦးကိုနီ၊ ဦးဌေးဦးတို့ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း
သိရသည်။
အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေးသွားသည်များနှင့် ပတ်သက်၍
ဦးဥာဏ်ဝင်းက ''သူပြောသွားတဲ့ထဲက တစ်ခုကတော့ ကျွန်မတို့ဟာ အမျိုးသား
ရင်ကြားစေ့ရေးကို ပါတီစထောင် ကတည်းက တင်လာတဲ့အလံ။ ဒီနေ့အထိ ဒီအလံက
ရှိနေတုန်းပဲ။ အားလုံးလည်း ဒီအလံအောက်ကို ၀င်ရောက်ဖို့ လိုတယ်လို့
ပြောသွားတယ်'' ဟု ပြောကြားသည်။
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် အချက်များနှင့်
ပတ်သက်၍ စက်တင်ဘာ ၇ ရက်(ယနေ့)တွင် ရန်ကုန်အခြေစိုက် တိုင်းရင်းသားအဖွဲ့ ၁၃
ဖွဲ့နှင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရှေ့နောက်မညီသည့် အချက်များတွင် သမ္မတ အရည်အချင်း သတ်မှတ်ချက်လည်း ပါဝင်ကြောင်း၊ နိုင်ငံသားတိုင်းသည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရှိသည်ဟု အခြေခံဥပဒေတွင် ဖော်ပြထားသော်လည်း သမ္မတအရည်အချင်း သတ်မှတ်ချက်တွင်မူ နိုင်ငံသား အခွင့်အရေး လျော့သွား... |
တိုင်းရင်းသားများ ပြင်ဆင်လိုသည့် အချက်များနှင့် NLD မှ ပြင်ဆင်လိုသည့်
အချက်များကို နှိုင်းယှဉ်ကာ ပို၍အဓိပ္ပာယ်ရှိပြီး ဖြစ်နိုင်သည့်
အချက်များကို စဉ်းစားမည် ဖြစ်ကြောင်း၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို
ထွက်သွားပါဟု ပြော၍မရနိုင်ကြောင်း၊ ရေရှည်တွက်ချက်ပြီး လက်တွေ့လည်း ဆန်ရမည်
ဖြစ်ကြောင်း၊ လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းမှာ ရွေးချယ်ခံ
ပုဂ္ဂိုလ်များ မဟုတ်သည့်အပြင် ထွက်ခိုင်းသည် ဆိုခြင်းမှာ ကောင်းသော်လည်း
ဖြစ်နိုင်လား ဆိုသည်ကို စဉ်းစားရမည် ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေမှာ
မြန်မာ့နိုင်ငံရေးနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ နှစ်ခုလုံးကို ထည့်သွင်း
စဉ်းစားရမည် ဖြစ်သည့်အတွက် NLD အနေဖြင့် ရှေ့နောက်မညီသည့်
ပြဋ္ဌာန်းချက်များကိုသာ တစ်ခုချင်း ထုတ်ယူဆွေးနွေး သွားမည်ဖြစ်ကြောင်း ၎င်းက
ဆက်လက် ပြောကြားသည်။
ရှေ့နောက်မညီသည့် အချက်များတွင် သမ္မတ အရည်အချင်း သတ်မှတ်ချက်လည်း
ပါဝင်ကြောင်း၊ နိုင်ငံသားတိုင်းသည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်
ရှိသည်ဟု အခြေခံဥပဒေတွင် ဖော်ပြထားသော်လည်း သမ္မတအရည်အချင်း
သတ်မှတ်ချက်တွင်မူ နိုင်ငံသား အခွင့်အရေး လျော့သွားကြောင်း၊
ယင်းအချက်မှာလည်း Conflict ဖြစ်သည့်အတွက် ပြင်ဆင်ရမည့်အချက်
ဖြစ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့် သမ္မတအရည်အချင်း သတ်မှတ်ချက်တွင်
စစ်ရေးအမြင် ရှိရမည့်အပြင် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိဘတစ်ပါးပါး
သော်လည်းကောင်း၊ တရားဝင် သားသမီးနှင့် သားသမီးတို့၏ ဇနီး၊
ခင်ပွန်းတစ်ဦးဦး သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးကို ခံယူသူ
သို့မဟုတ် နိုင်ငံခြားအစိုးရ လက်အောက်ခံ သို့မဟုတ် တိုင်းတစ်ပါး၏
နိုင်ငံသားဖြစ်ပါက သမ္မတ မဖြစ်နိုင်သည့် ဥပဒေအပေါ် ထောက်ပြဝေဖန်ခြင်း
ခံနေရသည်။
NLD ရွေးကောက်ပွဲ ၀င်စဉ်က ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရန် ဆိုသည့်
အချက်ပါဝင်ပြီး တိုင်းရင်းသား အဖွဲ့အစည်းများက ဖက်ဒရယ် ပြည်ထောင်စု
ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ရေး ကြိုးပမ်းမှုများ ရှိနေသည်။ NLD ပါတီမှ
ကိုယ်စားလှယ်များ လွှတ်တော်အတွင်း ရောက်ရှိသည်မှာ တစ်နှစ်ကျော်ပြီ
ဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ် ၂၅ ဦး၊ လွှတ်တော်အတွင်း ပါဝင်သော ပါတီများမှ
ကိုယ်စားလှယ် အချိုးကျစီဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဝင် ၁၀၉ ဦးပါ
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို ပြည်ထောင်စု လွှတ်တော်က
ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီ အနေဖြင့် လေ့လာသုံးသပ် တွေ့ရှိချက်
အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု
လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်ပြီး ကော်မတီ သက်တမ်းမှာ ပြည်ထောင်စု
လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီး ချိန်အထိ ဖြစ်သည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့်
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့ကလည်း
အစိုးရနှင့် ဆွေးနွေးရာတွင် တင်ပြရန်၊ လွှတ်တော်မှ ဖွဲ့စည်းထားသည့်
ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီမှ လိုအပ်ပါက တင်ပြရန်ဟူသော
ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခု
ရေးဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီ အနေဖြင့်လည်း ၂၀၁၃
ခုနှစ် မကုန်မီ ယင်းမူကြမ်းကို အပြီးသတ် ရေးဆွဲရန် ရည်ရွယ်ထား ကြောင်းလည်း
သိရသည်။
Post a Comment