
ဇာဂနာ ၊ စက်တင်ဘာ ၉ ၊ ၂၀၁၃
ကျွန်တော်
သူ့ အကြောင်းမရေးချင်။သူ့ လိုလူ လက်ရှိ မြန်မာ့နိုင် ငံရေးလောကထဲ
တစ်ယောက်မှ မရှိ။ဘာလုပ်လုပ် တစ်ကိုယ်တော်။ဘာလုပ်လုပ် ဘယ်သူ့ မှ အမှု
မတွဲ။ထောင်စကား နဲ့  အမှုတွဲတယ် ဆိုတာတခြားသူတွေကိုပါ
ဆွဲခေါ်တာမျိုးဖြစ်သည်။ကိုမြင့်စိုး တစ်ကိုယ်တော် လုပ်နေတာ နာမည်ကြီးချင်လို
့မဟုတ်။ထင်ပေါ်ချင်လို့မဟုတ်။သူ့ အတွက် ဘာတစ်ခုမျ... မပါ။
သူများအတွက်ချည်းသာ။
သူနှင့်ကျွန်တော်
ထောင်ထဲမှာချည်း သုံးခါ ဆုံရသည်။ဆုံ့လိုက်တိုင်း သူ
ကတပြုံးပြုံး။ရောက်ပြန်ပြိပေါ့ တွေ့ရပြန်ပြိပေါ့ ဆိုသည့်ပုံစံ။ အမြဲလိုလို
ကျွန်တော့အရင် သူရောက်နေသည်သာ။
ပထမတစ်ခါ
ဆုံကြတော့ အင်းစိန်ထောင်၏ နာမည်အဆိုးဆုံးနေရာ။ စစ်ခွေးတိုက်။ သံဃာတော်
များ၏ ရွှေဝါရောင်တော်လှန်ရေးအပြီး ၂၀၀၇ခုနှစ် စက်တင်ဘာလမှာ ကျွန်တော်
ဖမ်းခံရသည်။ ထောင်ထဲကိုရောက်တော့ သူ က စစ်ခွေးတိုက်ရောက်နှင့်နေပြီ။ သူက
အခန်း(၈)၊ကျွန်တော်က အခန်းတစ်ဆယ်။သူရော ကျွန်တော်ပါ ဘာကြောင့် ကျွန်တော်
တို့ကို ဒီ စစ်ခွေးတိုက်မှာ လာထားမှန်းမသိကြ။ တစ်ထောင်လုံးမှာ ထားစရာ နေရာ
ဒီလောက်ရှားလေသလား။ ဒီလောက် စုတ်ပဲ့ ညစ်ပေ သော နေရာကိုထားချင်းမှာ
တမင်ညစ်ပတ်ခြင်းလို့ ပဲ သဘောရသည်။ ပြီးတော့ ကျွန်တော် တို့  နှစ်ယောက်မှာ
ဘာ အပြစ်မှ မရှိ။ ထောင်ထဲမှာ ပြစ်ဒဏ်တစ်ခုခု ဖြစ်မှ ဒီစစ်ခွေးတိုက်ထဲ
ထည့်ပိတ်တာဖြစ်သည်။ ကျွန်တော် တို့ ကိုဘာကြောင့် ဒိနေရာပို့ ထားရသလဲ။
ကိုမြင့်စိုး က အစာငတ်ခံဆန္ဒပြမည် ဟု ဆိုသည်။ ကျွန်တော်က လက်မခံ။ စစ်အစိုးရက
လူ ကို လူ ဟု တန်ဘိုးမထား။အစာငတ်ခံလို့ သေသွားလဲ အလောင်းဆွဲချသွားရုံ။
ဒီတော့ တနည်းကြံကြည့်သည်။
ကျွန်တော်
တို့ အခန်းထဲမှာ မိလ္လာခွက်က သေးသေးလေး။တစ်နေ့ မှ တစ်ခါ မိလ္လာချရတော့
အဆင်မပြေ။ခွက်ပြည့်ခွက်လျှံ။တစ်နေ့  နှစ်ခါလောက် သွန်ချင်တာကို သူ တို့ က
ခွင့်မပြု။ တစ်ခါပြော နှစ်ခါပြော ဘယ်နှခါပြောပြော လက်မခံကြ။ သည်တော့
ကောင်းပြီ။ကျွန်တော် တို့ မိလ္လာတွေကို အခန်းအပြင်ဖက်ကို
သွန်ထုတ်ပစ်လိုက်သည်။ ၀န်ထမ်းတွေလာတော့ အခန်းရှေ့ ကွန်ကရစ် အခင်းမှာ အီအီး
တွေ ပေလို့  ပွှ လို့။ သူတို့  နှာခေါင်းတွေ တရှုံ့ရှုံ။ ပြီးတော့မဲ့လာသည်။
နောက်တော့ တင်းလာတော့၏။ ဒါဘာသဘောလဲ။ ထောင်ကိုပုန်ကန်တာလား နာချင်လို
့လားတွေ နှင့် ဆဲကြဆိုကြတော့သည်။ ကျွန်တော် တို့ နှစ်ယောက်က ဘာမှ ပြန်မပြော
ပြန်မဖြေ။ကျောခိုင်းနေလိုက်ကြ၏။
သည်တော့
သူတို့ထက် ရာထူးကြီးသော ထောင်မှူးကိုသွားခေါ်လာ၏။ဖြစ်ချင်တော့
သည်ထောင်မှူးက ကျွန်တော့်မိတ်ဆွေ။ သူ့ ခမျာ ဘာဆုံးဖြတ်ရမှန်းမသိ။ ကျွန်တော်
တို့ ကိုပဲ ထုတ်ရိုက်ရမလား။ သူ့ ဝန်ထမ်းတွေကိုပဲ ချေးကျုံးခိုင်းရလေမလား။
မတတ်သာသည့်အဆုံး ထောင်ပိုင်ကိုခေါ်တော့၏။ ထောင်ပိုင်ရောက်လာတော့ ကျွန်တော်
တို့ လုပ်ရပ်ကို အပြစ်တင်သည်။ ကျွန်တော် ကလည်း ကြိမ်ဖန်များစွာ
မိလ္လာသွန်ဖို့ ကိစ္စ ပြောတာ ထောင်ဖက် က ခွင့်မပြုတာရယ်၊ ကျွန်တော် တို့ကို
စစ်ခွေးတိုက်ထဲ လာထည့်ထားတာရယ် တို့ ကိုဖိဖိစီးစီးပြောပြစ်သည်။
ထောင်ပိုင်တော်တော် ငိုင်ကျသွားပြီးမှ ကျွန်တော်
နှင့်ကိုမြင့်စိုးကိုနေရာရွှေ့ပေးပါမည် ဟုကတိပေးကာ ပြန်သွားတော့၏။
မတိုင်ပင်ပဲ ကိုမြင့်စိုးရော ကျွန်တော် တပြိုင်တည်း ရယ်ချ လိုက်မိတော့၏။
သည်လိုနှင့်
အင်းစိန်ထောင် ငါးဆောင်တိုက်ခန်းတွဲသို့  ကျွန်တော် တို့ နှစ်ယောက် အတူ
ရွှေ့လာခဲ့တော့၏။ ကိုမြင့်စိုး နှင့် ကျွန်တော်
လက်ချင်းအတူတွဲချိတ်မိတော့သည်။ အသားညိုညို အရပ်ပျပ်ပျပ် တောက်ပသောမျက်လုံး
တစ်စုံ က ရည်မှန်းချက်ကြီးသူမှန်းသိသာစေသည်။ သူနှင့် ကျွန်တော် ပွဲဦးထွက်
ကတော့ တော်တော် လှခဲ့လေတော့သည်။
ကိုမြင့်စိုး
တို့မိသားစု က မပြေလည်ကြ။ မွေးချင်းမောင်နှမ ၉ယောက်ထဲမှာ ကိုမြင့်စိုးက
အကြီးဆုံး။ ကိုမြင့်စိုး ၏ဖခင်က ဆိုက္ကားနင်းပြီး မိသားစု ကို ရှာကျွေးသည်။
မိခင်က ကုန်စိမ်းရောင်း၏။ သည်တော့ကိုမြင့်စိုးစားမဖြောင့်တော့။
ဆယ်တန်းအောင်ပြီး ကျောင်းဆက်မတက်ပဲ အလုပ်ထဲဝင်ခဲ့လေတော့သည်။
စိုက်ပျိုးရေးကော်ပိုရေးရှင်းမှာ ၀န်ထမ်း။
၁၉၈၈ခုအရေးတော်ပုံ
ဖြစ်တော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ အလုပ်သမား သွေးစည်းညီညွတ်ရေး
အဖွဲ့ မှာ စိုက်ပျိုးရေးတာဝန်ခံ အဖြစ်ပါဝင်လာခဲ့တော့၏။ သာကေတ
မြို့နယ်လုံးဆိုင်ရာ သပိတ်ကော်မိတီ ခေါင်းဆောင်လည်းဖြစ်ခဲ့သည်။ စစ်တပ်က
အာဏာ သိမ်းလိုက်တော့ ကိုမြင့်စိုး အလုပ်ပြုတ်တော့၏။
တဖြေးဖြေးနှင့်နိုင်ငံရေးထဲ နက်နက်တူးဝင်ခဲ့လေတော့သည်။ နယ်စပ်ကိုထွက်
မဲဆောက်မှာရှိသည့် အလုပ်သမားအဖွဲ့  တွေနှင့် ဆက်သွယ်ပြီး သင်တန်းတွေတက်၊
ပြည်တွင်းက အလုပ်သမားတွေကို ပညာပြန်ဖြန့်  ဖြူးပေးရင်းနှင့်
တော်တော်အလုပ်များခဲ့သည်။ သို့သော် သူကတော့ တစ်ယောက်တည်း။ ဘယ်သူ့ ကိုမှ
အဖော်မခေါ်။ တောင်ကျော်လိုက် ချောင်းဖြတ်လိုက် ဖြင့် အလုပ်တွေ
ဇယ်စက်နေတော့သည်။
၁၉၉၄ခုနှစ်သင်္ကြန်မတိုင်မီမှာ
သူအဖမ်းခံလိုက်ရတော့၏။ တပ်မတော်ထောက်လှမ်းရေးက ကောင်းကောင်းကျွေးတာကို
ခံလိုက်ရပြီး လေဖျန်းမလို ဖြစ်သွားတော့၏။ ဘာပဲဖြစ်ဖြစ်
ထောင်နှစ်၂၀ကျသွားတော့သည်။ အင်းစိန်ထောင်မှာ
လေးနှစ် သာယာဝတီထောင်မှာ ရှစ်နှစ် စုစုပေါင်း၁၂ နှစ်အကြာမှာ တပ်မတော်
ထောက်လှမ်းရေး၏ မလျော်မကန်လုပ်မှုကြောင့် ထောင်ကျနေသူတွေကို
ပြန်လွှတ်ပေးလိုက်တော့သည်။ သူတို့ပြောသော မလျော်မကန် ဆိုသည့်
စကားကလေးတစ်လုံးတည်းအတွက် လူတစ်ယောက် က ၁၂ နှစ်လုံးလုံး သံတိုင်တွေ
နောက်ရောက်သွားရ၏။ လွယ်လိုက်ကြတာ။
ကိုမြင့်စိုးထောင်က
လွတ်လာတော့ သူ့ မိန်းမ နှင့် သားသမီးတွေ ကို ရှာမတွေ့တော့။
ဘယ်ရောက်သွားမှန်းမသိ။ ကြိုးစားပြီးလိုက်ရှာလို့ လည်းမရချေ။
မတတ်သာသည့်အဆုံး နိုင်ငံရေးလောကထဲမှာပဲ ပြန်ကျင်လည်တော့သည်။ သူ
့ဝါသနာအတိုင်း အလုပ်သမားအရေးကိုသာ ဦးတည်တော့၏။ အလုပ်သမားအခွင့်အရေး
အလုပ်သမား ယူနီယံပေါ်ပေါက်ရေးတို့ ကို ဦးစားပေးလုပ်ခဲ့လေသည်။သို့ သော်
အတွင်းလူ သစ္စာဖောက်မှုဖြင့် ကိုမြင့်စိုးကို လှည်းတန်းမှာ ရဲ ဖမ်းခဲ့တော့၏။
ထုံးစံအတိုင်း အင်းစိန်ထောင် ရောက်ရပြန်လေပြီ။
ထောင်က
လွတ်လို့ မှခြောက်လ မပြည်သေး။ ထောင်ထဲပြန်ရောက်ခဲ့တော့၏။
သူထောင်ထဲရောက်နေစဉ် ဓါတ်ဆီဈေးတက်မှုဆန္ဒပြပွဲ ရွှေဝါရောင်တော်လှန်ရေးတို့
ဆက်တိုက်ဖြစ်ခဲ့သည်။ သို့ဖြင့် သူနှင့်ကျွန်တော်
အင်းစိန်ထောင်မှာဆုံရခြင်းပင်။
သူထောင်ထဲမှာ
ရှိနေစဉ် သူ့အဖေ အနိစ္စရောက်သည်။ဖခင်၏ နောက်ဆုံးခရီးကို လိုက်ပါပို
့ဆောင်ခွင့် သူ မရခဲ့ရှာ။ ထောင်ထဲကနေ အဖေ့အတွက် ကောင်းရာမွန်ရာ
ရောက်ပါစေကြောင်း ဆုတောင်းပေးလိုက်ရုံ။
ကျွန်တော်
၂၀၀ရခုနှစ် အောင်တိုဘာမှာ လွတ်လာတော့ သူ ထောင်ထဲမှာ ကျန်ခဲ့သည်။
တခြားသူတွေက သူတို့မိသားစုအတွက် မှာနေကြသော်လည်း သူကတော့မမှာ။ မှာစရာ
မိသားစုလည်းမရှိ။ ပြုံးပြီး တစ်ခွန်းပဲပြောသည်။ ကျွန်တော် ထောင်က လွတ်လို့
အလုပ်သမားကိစ္စတွေလုပ်ရင် ကူနော် တဲ့။
၂၀၀၈ခုနှစ်
နာဂစ်အပြီးမှာ ကျွန်တော် ထောင်ထဲရောက်ရပြန်တော့ သူ နှင့်ဆုံပြန်သည်။ သူ
့ကို ရုံးထုတ်နေပြီ။ နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် အဖွဲ့ များနှင့်
ဆက်သွယ်မှု။ တရားရုံးမှာ ပြသနာ အရှာဆုံးလူအဖြစ် နာမည်လည်းကြီးလာသည်။
ရဲက
လာခေါ်လျင် မြေပေါ်လှဲချသည်။ မင်းကုသ လိုပေါ့။ ရဲလာထူ မှ ထ မည် တဲ့။
မတတ်သာတော့လည်း ရဲ တွေက သူ့ ကို ထမ်းခေါ်ရတော့၏။ ဒါမျိုးတင်လား ဆိုတော့
မကသေး။ တရားရုံးမှာ လှဲအိပ်နေသေးသည်။ တရားသူကြီးက တရားရုံး
မထီမဲ့မြင်လုပ်မှုဖြင့် ထောင်ခြောက်လ ချတော့လည်း အိပ်နေသည်။
မတရားသောတရားခွင်ကို နားထောင်စရာမလို ဟု သူကြုံးဝါး၏။ ဘယ်လိုဖြစ်ဖြစ်
ထောင်ဒဏ် ၉နှစ်ခြောက်လ ချခဲ့လိုက်ရပြန်တော့သည်။ ကျွန်တော်က
၅၉နှစ်ချခံရတာဆိုတော့ သူ့ ကို စ သည်။ ကျွန်တော့ အစွန်းထွက်ပဲ ရှိတာပါဟု သူ
့ကိုသရော်တော့ ရယ်သည်။
အင်းစိန်ထောင်ကနေ
သူ့ ကို ထောင်ပြောင်းတော့ ကျွန်တော့်အနွေးထည် နှင့် ဂွမ်းစောင်တစ်ထည် သူ
့ကိုပေးလိုက်သည်။ ဘယ်ရောက်လို့ ဘယ်ပေါက်မယ်မှန်းမသိ။ သူ့ မှာ စောင်မရှိ
အက်ီၤအပိုမရိွ။
ကျွန်တော် ၂၀၀၈ခုနှစ် နိုဝင်ဘာ လ မှာ မြစ်ကြီးနားထောင်ကို ပြောင်းခဲ့ရသည်။ ဒီမှာတင် ကိုမြင့်စိုးနှင့်ဆုံရပြန်သည်။ မှတ်မှတ်ရရ သူချက်ကျွေးသော တောဝက်သားလေး စားခဲ့လိုက်ရသေး၏။ နောက်တော့ သူ့ကို ပူတာအိုထောင် ရွှေ့ပြန်လေသည်။ လူတစ်ယောက်ကို ဘယ်လောက်ထိ နှိပ်စက်နိုင်လေမလဲ လို့  များ အဓိဌာန်ပြုထားလေသလား မသိ။ စစ်အစိုးရသည် ဖိ ပြီးရင်းသာ ဖိနေတော့လေသည်။
ကျွန်တော် ၂၀၀၈ခုနှစ် နိုဝင်ဘာ လ မှာ မြစ်ကြီးနားထောင်ကို ပြောင်းခဲ့ရသည်။ ဒီမှာတင် ကိုမြင့်စိုးနှင့်ဆုံရပြန်သည်။ မှတ်မှတ်ရရ သူချက်ကျွေးသော တောဝက်သားလေး စားခဲ့လိုက်ရသေး၏။ နောက်တော့ သူ့ကို ပူတာအိုထောင် ရွှေ့ပြန်လေသည်။ လူတစ်ယောက်ကို ဘယ်လောက်ထိ နှိပ်စက်နိုင်လေမလဲ လို့  များ အဓိဌာန်ပြုထားလေသလား မသိ။ စစ်အစိုးရသည် ဖိ ပြီးရင်းသာ ဖိနေတော့လေသည်။
၂၀၁၁ခုနှစ
်အောက်တိုဘာလမှာ ကျွန်တော် လွတ်လာတော့ ကိုမြင့်စိုး ပူတာအိုမှာပဲ
ရှိနေသေးသည်။ ကျွန်တော်က ထောင်ပေါက်စေ့ ထောင်ဝင်စာပေးပို့ သော
အလုပ်ကိုလုပ်တော့ လူကြုံနှင့်သူ့ ဆီ အစားအသောက်တွေပို့ ရ၏။ စာအုပ်တွေ ပို
့ရသည်။ သူ့ ဆီက ပြန်ပေးလိုက်သော စာတွေထဲမှာ အလုပ်သမားယူနီယံဖွဲ့စည်းရေးတွေ
ထုံမွှန်းနေလေသည်။
၂၀၁၂ခုနှစ်
ဇန်န၀ါရီ၁၂ရက်နေ့မှာ သူတို့ကိုလွှတ်ပေးတော့မည်ဟု သက်ဆိုင်ရာ က ကျွန်တော့ကို
အကြောင်းကြားသည်။ လေယာဉ်ကွင်းမှာ ကြိုပေးဖို့ ကျွန်တော့ကို
အကူအညီတောင်းသည်။ ရန်ကုန်လေဆိပ်မှာ ကိုမြင့်စိုး နှင့်ကျွန်တော်
ပြန်ဆုံရသည်။ ကျွန်တော်လက်ဆောင်ပေးခဲ့သော အနွေးထည်လေးနှင့်။ သူ
့အိပ်မက်တွေကို ကျွန်တော့အားရှင်းပြနေသေးသည်။ စည်းလုံးသော
အလုပ်သမားအဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ရေး။
နောက်တော့
ကျွန်တော့ ရုံးခန်းကို သူ ရောက်ရောက် လာတတ်သည်။ အင်္ဂလိပ်စာသင်တန်းတက်သည်။
အလုပ်သမားအရေးဆိုင်ရာ work shop တွေလုပ်သည်။ သူတက်သည်။ ကျွန်တော် တို့
ရုံးကလုပ်လေ့ရှိသည့် public communication သင်တန်းတွေလည်းတက်သည်။
ချင်းမိုင်ကလာသည့် ကိုအောင်မျိုးမင်းတို့ မဥမ္မာတို့ဆီက
အလုပ်သမားအခွင့်အရေးတွေ သင်ယူ၏။ ခရီးသွားလိုက်တာကလည်း မရပ်မနား။
အလုပ်သမားပြသနာပေါ်တိုင်း သူရောက်သွားလေ့ရှိသည်။ သူ့ ကို အလုပ်သမားတွေကလည်း
လေးစားကြသည်။
ကျိုက်ထို
ဝဒက်ကွင်းကျေးရွာက အလုပ်သမားများနှင့် ရွာသူရွာသားတို့ ပြသနာပေါ်တော့
သူရောက်သွားတော့၏။ စစ်တောင်းစက္ကူစက် ပြသနာထဲမှာ သူ ၀င်ပါတော့၏။
စက္ကူစက်အလုပ်သမားများ၏ နစ်နာမှုတွေအတွက် သူက တောင်းဆိုသည်။ သို့သော်
ဆင်ထားသောခွင်ထဲ သူ ကျသွားရရှာပြီ။ စစ်တောင်းစက္ကူစက်က တရားလိုလုပ်ပြီး
သူ့ကို ရုံးတင် တရားစွဲလိုက်လေသည်။ ကိုမြင့်စိုးထောင် (၇) နှစ် (၆) လ
ကျသွားခဲ့၏။
ခုတော့
လေဘာကိုမြင့်စိုး သထုံထောင်က သံတိုင်တွေနောက်ရောက်ရချေပြီ။ ထောင်နှင့်သူ၊
သူနှင့် ထောင်ကား ခွဲမရတော့။ သူ့ကိုထောင်ဝင်စာ ပို့ ပေးမည့် သူမရှိ။
အလုပ်သမားအရေး အမြဲတမ်း ဦးထိပ်ပန်နေသူ ကိုမြင့်စိုးခမျာ အလုပ်ကြမ်းနှင့်
ထောင်ဒဏ် ခံသွားရပြန်ပြီ။ အများအတွက် စွန့်စွန့်စားစား တကယ်လုပ်ပေးနေသူ
တစ်ယောက်အတွက် ဒါသည် ဆုတံဆိပ်လား။
အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမှာ ကိုမြင့်စိုးကို
မေ့များမေ့ကုန်ကြပြီလား။
ကျွန်တော် တော့ မမေ့။
Post a Comment