ရန်ကုန်ရောက် ရခိုင်မျိုးနွယ်စုတွေ၊ ရခိုင်လူမှုရေးအသင်းအပင်းတွေ စုပေါင်းပြီး နှစ် ၄ဝပြည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်နေ့က တိုင်းရင်းသားကျေးရွာက ပြည်ထောင်စုခမ်းမမှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ ရခိုင်ပြည်နယ်နေ့ ဘယ်လိုပေါ်ပေါက်လာခဲ့သလဲ။


၁၉၇၄ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကရေးဆွဲတဲ့ ဖွဲ့စည်းပုံအရ ရခိုင်ဒေသကို ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားတွေဟာ အခြား ရှမ်း၊ ချင်း၊ ကချင်၊ မွန်၊ ကယား၊ ကရင်တိုင်းရင်းသားတွေနည်းတူ ပြည်ထောင်စုနိုင်ငံမှာ လူမျိုးစုကြီးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာမို့ သမိုင်းဝင်နေ့ဖြစ်တယ်လို့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဒေါက်တာစံလှကျော်က ပြောပါတယ်။


ရခိုင်ပြည်နယ်ဟာ သဘာဝသယံဇာတတွေ ပေါကြွယ်ဝပါရဲ့န့ ပြည်နယ်တိုင်း ၁၄ခုမှာ ဒုတိယမြောက် အဆင်းရဲဆုံးဖြစ်နေတာကြောင့် သယံဇာတွေတူးဖော်ပြီး ပြည်နယ်အကျိုးအတွက် သုံးဖို့၊ လျှပ်စစ်မီးမရဘဲ ဖွံ့ဖြိုးမှုနောက်ကျနေတာမို့ ဦးစားပေး လုပ်ပေးဖို့ သူကဆိုပါတယ်။ အခုတော့ ပြည်ထောင်စု လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ သွယ်တန်းပေးမယ်ဆိုတာကြောင့် ပဋိပက္ခတွေ မဖြစ်ခင်က ထိုးစိုက်ကျနေတဲ့ စီးပွားရေး ပြန်လည်ဦးမော့လာမယ့် အနေအထားမှာရှိတယ်လို့ ပြောပါတယ်။


ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေမှာ တအုံနွေးနွေးခံစားနေရတာက ခိုးဝင်လာသူတွေရဲ့ အန္တရာယ်ဖြစ်ပြီး ပြည်နယ်လုံခြုံမှုရှိအောင်၊ ဒေသခံတွေ စိတ်ချကျေနပ်အောင် ဘယ်လုပ်လုပ်ကြမလဲဆိုတာ ၂ဝ၁၅အတွက် အကြိုပြောချင်ပါတယ်လို့ ဒေါက်တာ လှမင်းစိန်က ဆိုပါတယ်။ အစိုးရအနေနဲ့ တိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်တဲ့ အက်ဥပဒေတွေ ရေးဆွဲပေးဖို့လိုသလို နိုင်ငံခြားသားတွေ လာရောက်နေထိုင်မယ်ဆိုရင်လည်း သီခြား ဥပဒေတွေနဲ့ ခိုင်ခိုင်မာမာရှိမယ်ဆိုရင် မူလတိုင်းရင်းသားတွေ စိတ်သပ်လှုပ်ရှားစရာ မလိုပါဘူးလို့ သူက ရှင်းပြပါတယ်။


Credit-Kamayut Media
16 Dec 2014

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top