
ဘာစီလိုနာနဲ့ ဆီဗီလာ
ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကြောင့် ရပ်နားထားခဲ့တဲ့
ဥရောပလိဂ်ပွဲစဉ်တွေ ဒီတစ်ပတ် စက်တင်ဘာ ၁၄ ရက်မှာ ပြန်လည်ကစားတဲ့အခါ
လာလီဂါထိပ်တန်း အသင်းကြီးတွေဟာ ပွဲပန်းနေတဲ့ကစား သမားတွေ ကြောင့်
အကျပ်အတည်းတွေ့နိုင်ပါတယ်။ ဒါပေမယ့် ကစားသမားကောင်းတွေနဲ့စုဖွဲ့ထားတဲ့
အသင်းကြီး တွေသာ အကောင်းဆုံးရလဒ်တွေကို သိမ်းပိုက်နိုင်မယ့်အနေအထားပါပဲ။
ဘာစီလိုနာနဲ့ ဆီဗီလာ
ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ ကစားရမယ့်
ဒီပွဲဟာ ဆီဗီလာတို့ အတွက် မျှော်လင့်ချက်ထား လို့မရတဲ့ ပွဲပါပဲ။
ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို မိခင်နိုင်ငံအတွက် သွားကစားနေရတာ ကြောင့်ဘာစီ
လိုနာဟာအနိုင် ရလဒ်ကို ပြတ်သားအောင် ပုံမဖော်နိုင်ပေမယ့် ဧည့်သည် ဆီဗီလာကို
အမှတ်ဗလာနဲ့ အိမ်ပြန်လွှတ် ပါလိမ့်မယ်။ ဆီဗီလာ ဟာ ကစားသမားတွေနဲ့
နည်းစနစ်ပိုင်း အထိုင်ကျဖို့ ကြိုးစားနေဆဲဖြစ်တာမို့ ဒီပွဲမှာ
အိမ်ရှင်ကိုပဲ ထွေးပိုက်ထားရမှာ ပါ။
ဗီလာရီးရဲနှင့် ရီးရဲမက်ဒရစ်
ဗီလာရီးရဲတို့က ဒီနှစ်ဘောလုံး ရာသီလာလီဂါမှာတော့
တာထွက် ကောင်းနေပါတယ်၊ ပွဲတိုင်းအနိုင် ကစားထားတဲ့ခြေစွမ်းနဲ့
အိမ်ကွင်းဆိုတဲ့ အားသာချက်တွေက ရီးရဲမက်ဒရစ်ကို ဖိစီးမှုဖြစ်ပေါ်စေမှာပါ။
ရီးရဲမက် ဒရစ်ဟာတစ်ဦးချင်း စွမ်းရည်မြင့်မား တဲ့ ဘောလုံးသမားတွေ စုစည်းထား
တာမို့ ဗီလာရီးရဲကို အကျပ်တွေ့အောင် ကစားနိုင်စွမ်းတော့ ရှိနေပါတယ်။
ဒါပေမယ့် နည်းပြအန်ဆယ် လော့တီရဲ့ ပွဲထွက် ကစားသမားအခင်း အကျင်းက
ဒီပြိုင်ပွဲရဲ့ရလဒ်ကို ဖော် ဆောင်ပေးမယ့် အနေအထား ရှိပါ တယ်။
ဘက်တစ်နှင့် ဗလန်စီယာ
ဘက်တစ်တို့အတွက် အားထည့် နိုင်ရင် အမှတ်ပြည့်
ရယူနိုင်တဲ့ အခြေအနေပါပဲ။ ဘက်တစ်ရဲ့ ခြေစွမ်း က လာလီဂါ တာထွက်ကာလမှာ
အကောင်းဆုံးပုံစံမရသေးပါဘူး။ ဧည့် သည် ဗလန်စီယာတို့ကလည်း ခြေစွမ်း
တည်ငြိမ်ဖို့ကြိုးစားနေရဆဲဖြစ်တာမို့ အိမ်ရှင်ဘက်တစ်တို့ အဓိကပွဲထွက်
ကမားသမားတွေ အကုန်ထုတ်သုံးရင် ပရိသတ်တွေ ကျေနပ်စရာရလဒ်ကို
ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးများနေ ပါတယ်။
အက်သလက်တီကိုနှင့်အယ်လ်မီရီယာ
အိမ်ရှင်အက်သလက်တီကိုတို့ရဲ့ ခြေစွမ်းက
အကောင်းဆုံးအနေ အထားရောက်ရှိနေပြီး ပွဲတိုင်းရလဒ် ကောင်းအောင်
စွမ်းဆောင်နိုင်နေပါတယ်။ အိမ်ကွင်းလည်းဖြစ်နေပြီး ပြိုင်ဘက်က
လူသစ်တန်းအယ်လ်မီ ရီယာဖြစ်နေတာမို့ အက်သလက်တီ ကိုတို့ အနိုင်ရလဒ်ကို
မျှော်မှန်းနိုင်တဲ့ အခွင့်အရေးရှိပါတယ်။
တန်းတက် အယ်လ်မီရီယာဟာ အဝင်အထွက်ရဲရဲနဲ့ ကစားတတ်တာမို့ အိမ်ရှင်တို့ သတိထားဖို့တော့ လိုပါ တယ်။
ဘီလ်ဘာအိုနှင့်ဆယ်လ်တာဗီဂို
ဘီလ်ဘာအိုတို့က ပြီးခဲ့တဲ့နှစ်မှာ
ဆုံတွေ့ခဲ့တုန်းက တစ်ဂိုး-ဂိုးမရှိနဲ့ ဆယ်လ်တာဗီဂိုကို အနိုင်ယူထားခဲ့ဖူး
ပါတယ်။ဘီလ်ဘာအိုဟာရှေ့၊နောက် ဟန်ချက်ညီအောင်ကစားနိုင်နေတာမို့
ဧည့်သည်တို့ အမှတ်ခွဲယူ ဖို့ဆိုတာ တောင်ခက်ခဲပါလိမ့်မယ်။
Post a Comment