
မြန်မာအွန်လိုင်းသတင်း 11.9.2013
---------------------------------------------------------
အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ၏ အမျိုးသားတစ်ဦး
ချင်း နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ကမ္ဘာ့အဆင့်(၂)တင်းနစ် အကျော်အမော်
ရာဖေးလ်နာဒယ်နှင့် ကမ္ဘာ့အဆင့်(၁)ဆာ ဘီးယားပရော်ဖက်ရှင်နယ် တင်းနစ်
ကစားသမား ဂျိုကိုဗစ်တို့ နယူးယောက်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ရာ
ရာဖေးလ်နာဒယ်က ဂျိုကိုဗစ်ကို အနိုင်ရရှိကာ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်
ပွဲတွင် ဒုတိယအကြိမ်မြောက်ချန်ပီယံအဖြစ် ဆွတ်ခူးနိုင်ခဲ့ ပြီဖြစ်သည်။ စပိန်
တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်သည် ဆာဘီးယားတင်းနစ်အကျော်အမော်
ဂျိုကိုဗစ်ကို သုံးနာရီ နှင့် ၂၁ မိနစ်ကြာ ကစားကာ ၆-၂၊ ၃-၆၊ ၆-၄၊ ၆-၁ ဖြင့်
အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အသက်(၂၇)နှစ်အရွယ်ရှိ စပိန်တင်းနစ်အကျော် အမော်
ရာဖေးလ်နာဒယ်သည် ဒူးဒဏ်ရာကြောင့် ခုနစ်လ ကြာ အနားယူခဲ့ရခြင်းကြောင့်
ပြီးခဲ့သည့်နှစ်က ကျင်းပ ခဲ့သော အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲကြီးနှင့်
လွဲချော် ခဲ့ရပြီး ယခုနှစ်တွင်မူ ကမ္ဘာ့အဆင့်(၁)ရှိ ဆာဘီးယား တင်း
နစ်အကျော်အမော်ဂျိုကိုဗစ်ကို အနိုင်ရရှိခဲ့ခြင်းကြောင့်
တစ်ဦးချင်းဂရင်းဆလမ်းချန်ပီယံဆုကို (၁၃)ကြိမ်မြောက် အဖြစ်
စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်က ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
ယခုပွဲစဉ်မယှဉ်ပြိုင်မီကတည်းက ရာဖေးလ်နာဒယ် သည်
တင်းနစ်လောကတွင် အကောင်းဆုံးဖြစ်ကြောင်း ကမ္ဘာ့အဆင့်(၁)
ဆာဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်က ဝန်ခံပြောကြားခဲ့သည်။ ယင်းမှာလည်း
ဂျိုကိုဗစ် နှင့် ရာဖေးလ်နာဒယ်တို့တွေ့ဆုံခဲ့သည့် အမေရိကန်အိုးပင်း
တင်းနစ်ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲတွင် ငါးကြိမ်တွေ့ဆုံ ခဲ့ရာတွင်
ဂျိုကိုဗစ်အနေဖြင့် ရာဖေးလ်နာဒယ်ကို လေးကြိမ်
အထိရှုံးပွဲကြုံခဲ့ခြင်းဖြစ်ကြောင်း ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Post a Comment