စက်မှုဝန်ကြီးဌာန၊ စက္ကူနှင့်အိမ်သုံး ပစ္စည်းလုပ်ငန်း၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)သည် ၂၀၀၁ ခုနှစ် နိုဝင် ဘာ ၁ ရက်တွင်  စီမံကိန်းလုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍  ကုန်ထုတ်လုပ်မှုစတင်နိုင် ခဲ့သော မြန်မာပြည်၏ အကြီးမားဆုံး အဆင့်မြင့်စက္ကူစက်ရုံကြီးတစ်ခုဖြစ် သော်လည်း သဘာ၀ဓာတ်ငွေ့အခက် အခဲကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှစ၍ ခေတ္တရပ်ဆိုင်း ထားခဲ့ရပါ သည်။ ယခု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁ ရက်တွင်မူ  နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်မှု၊    ဝန်ကြီး ဌာနများ၏ ပေါင်းစပ်ညှိနှိုင်းမှုတို့ဖြင့် သဘာ၀ဓာတ်ငွေ့ပြန်လည်ရရှိပြီဖြစ်၍ စက်စွမ်းအားပြည့်   လည်ပတ်နိုင်ရေး ကြိုးပမ်းကာ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်၏။
စက်ရုံလည်ပတ်နိုင်ရေး အရာထမ်း^ အမှုထမ်း    ဝန်ထမ်းများအားလုံးက လည်း နေ့မနား၊ ညမနား ကြိုးပမ်းအား ထုတ်ပေးခဲ့ကြ၏။ ထို့အပြင် စက်ရုံကြီး အပေါ်   မှီခိုအားထားနေကြရသည့် ဒေသခံ ပြည်သူ   အများအပြား ရှိနေ ကြပါသည်။   ထိုစက်ရုံ  အထောက်အကူ ပြု  ဒေသခံလုပ်သား  မိသားစုများ၏ စွမ်းအားလည်း    ပါဝင်လျက် စက်ရုံ ကြီးကိုလည်ပတ်နေပြီဖြစ်ရာ ဒေသခံ လုပ်သားများကို အထောက်အပံ့ဖြစ် စေရေး      စက်မှုဝန်ကြီးဌာန တာဝန် ရှိသူများက   စက်တင်ဘာ ၃ ရက်တွင် ဆန်များ    အခမဲ့ထောက်ပံ့လှူဒါန်း သည်။    ထိုသို့  (အပေါ်ပုံ)စက်ရုံ အထောက်အကူပြု  လုပ်သားမိသား စုဝင်များအား  ဆန်အခမဲ့ပေးဝေခြင်း     အခမ်းအနားကို စက်ရုံအနီး    လှေကြီး တက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း  ဓမ္မာရုံ၌ပြုလုပ်ပြီး    စက္ကူနှင့်အိမ်သုံး ပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးရည်မွန်က  ဝါးကုန်ကြမ်းထုတ် လုပ်နေကြသည့် သာပေါင်း၊ ရေကြည်၊ ငါးသိုင်း ချောင်း၊ လေးမျက်နှာ၊ ငပု တော၊ ဂွ စသောဒေသများရှိ ဝါးခုတ် လုပ်သား ဦးရေမှာလည်း     တစ်သောင်း မှ တစ်သောင်းခွဲအထိရှိပြီး စက်ပြန် လည်ပတ်နိုင်ပါက    မိသားစုစားဝတ်နေ ရေးအဆင်ပြေနေကြရကြောင်း၊   အထူး ပြောကြားလိုသည်က  ပတ်ဝန်းကျင် မထိခိုက်စေရန်ဖြစ်ပါကြောင်း၊     ဝါး၊ သစ်များကို ခုတ်ရုံမဟုတ်ဘဲ ပြန်လည် စိုက်ပျိုးပေးရန်လိုပါကြောင်း၊ ခုတ်လျှင် လည်းအလုပ်ရ၊     စိုက်လျှင်လည်း    အလုပ်ရမည်ဖြစ်၍    ခေတ် ပေါ် နည်း စနစ်ဖြင့်   စိုက်ပျိုးကြစေလိုကြောင်း၊ ထိုမှသာ နောင်အခါ      ကုန်ကြမ်းပြတ် လပ်မှုမဖြစ်အောင်    တားနိုင်မည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့်ဒေသခံပြည် သူများနှင့်  တစ်သွေးတည်းတစ်သား တည်းဖြစ်ပါ၍   ယခုကဲ့သို့   ဒေသခံ ပြည်သူများ၏ အခက်အခဲကို   ဝိုင်းဝန်း ကူညီဖြေရှင်းခြင်းမျိုး        ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ရပ်ကွက်များဖြစ်သော နံနံပင်ကုန်း ကျေးရွာမှ လုပ်သားအိမ်ထောင်စု ၆၀၊ လှေကြီးတက်ကျေးရွာမှ အိမ်ထောင် စု ၄၂ စု၊ လှေကြီးတက်ကျေးရွာစွန့်ပစ် ရေသန့်စင်စက်ရုံအနီး   ရပ်ကွက်မှ အိမ်ထောင်စု  ၇၂  စုတို့အား     အိမ် ထောင်စုတစ်စုလျှင်        ဆန်သုံးပြည် နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု ၁၇၄ စုအတွက် ဆန် ၂၂ အိတ်ကို ထောက်ပံ့ လှူဒါန်းခဲ့ပါသည်။  ပေးအပ်လှူဒါန်း ပွဲသို့  သာပေါင်းမြို့နယ်   အမှတ်(၁)           တိုင်း ဒေသ ကြီးလွှတ်တော်  ကိုယ်စား လှယ်  ဦးဝင်းသိန်း၊  အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်  ကိုယ်စားလှယ် ဦးစောလေးထောနှင့်လှေကြီးတက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလေး မောင်၊ ရာအိမ် မှူးများ၊ ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများ စုစုပေါင်း ၁၈၉ ဦးတက်ရောက်ကြ သည်။
ပေးအပ်လှူဒါန်းမှုများအတွက်     သာပေါင်းမြို့နယ်  အမှတ်(၁)  တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်း၊     လှေကြီးတက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလေးမောင်၊ ဒေသခံ လုပ်သားကိုယ်စား လှယ် သုံးဦးတို့က ကျေးဇူးတင်စကား     ပြောကြားကြ  သည်။
အောင်(စက်မှု-သာပေါင်း

Post a Comment

 
Top