မြန်မာအွန်လိုင်းသတင်း 9.9.2013

အစ္စရေးလိုလားသော စည်းရုံးမဲဆွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့်
အမေရိကန်-အစ္စရေး ပြည်သူ့ရေးရာကော်မတီ(အေအိုင်ပီအေစီ)က အမေရိကန်က
ဆီးရီးယားကိုတိုက်မည့် အစီအစဉ်အပေါ် အောက်လွှတ်တော်အမတ်များအား
စည်းရုံးသွားရန်စီစဉ်နေကြောင်း သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
အေအိုင်ပီအေစီနှင့် တက်ကြွလှုပ်ရှားသူ ၂၅ဝ ခန့်သည် လာမည့် သီတင်းပတ်တွင်
အမေရိကန်သို့ သွားရောက်ကာ အောက်လွှတ်တော်အမတ်များကို
စည်းရုံးသွားမည်ဟုဆိုသည်။ ဝါရှင်တန်က ဆီးရီးယားသမ္မတ
ဘရှာအယ်လ်အာဆတ်အစိုးရကို ဖြုတ်ချနိုင်စွမ်းမရှိလျှင် စွန့်စားရမှုများနှင့်
ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ၎င်းအဖွဲ့က ပြောကြားသည်။
Post a Comment