မြန်မာအွန်းလိုင်းသတင်း  9.9.2013
ဖနောင်ပင် စက်တင်ဘာ ၈
ကမ္ဘောဒီးယားနိုင်ငံ၌ အငြင်းပွားလျက်ရှိသည့် ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပြည်သူ့ပါတီ(စီပီပီ)က အနိုင်ရရှိသည်ဟု အမျိုးသားရွေးကောက်ပွဲကော်မတီက အတည်ပြုလိုက်ကြောင်း တနင်္ဂေနွနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။ ဝန်ကြီးချုပ် ဟွန်ဆန်၏ စီပီပီက ၆၈နေရာ၊ အတိုက် အခံ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ(စီအန် အာပီ)က ၅၅ နေရာရရှိ ကြောင်း ကော်မတီက ကြေညာ သည်။

မြို့တော် ဖနောင်ပင်၌ ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွားပြီး နောက် ရုပ်မြင်သံကြားမှ ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။စက်တင်ဘာ ၇ရက်က ဖနောင်ပင်မြို့တွင် ထောင် ပေါင်းများစွာသော ပြည်သူများက ရွေးကောက်ပွဲလိမ်လည် မှုများရှိခဲ့သည်ဟု စွပ်စွဲ၍ ကန့်ကွက်ဆန္ဒပြကြသည်။

အဓိကအတိုက်အခံပါတီ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီက ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည်။ ဇူလိုင် လတွင်ကျင်းပခဲ့ သော ရွေးကောက်ပွဲတွင် မတရားမှုများဖြင့် ပြည့်နေသည်ဟု ပြောဆိုမှုများ ပျံ့နှံ့လျက်ရှိသည်။ ဆန္ဒပြပွဲသည် ငြိမ်းချမ်းစွာ၊ အေးချမ်းစွာဖြစ်စေရမည် ဟု အတိုက်အခံခေါင်းဆောင် ဆန်ရိမ်းစီးက ကတိပေးခဲ့ သည်။ သို့သော် အစိုးရက၎င်းသည် ပုန်ကန်ထွကြရန် လှုံ့ဆော်လျက်ရှိသည်ဟု စွပ်စွဲသည်။

ကမ္ဘောဒီးယားရွေးကောက်ပွဲများသည် လိမ်လည်မှု များရှိသည်ဟု မကြာခဏေဝဖန်ခံရသည်။ ကနဦးတရားဝင် ရလဒ်များအရ ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီက မဲအရေအတွက် ၃ဒသမ ၂သန်းရရှိပြီး ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေး ပါတီက ၂ဒသမ ၉သန်းရရှိသည်။ ကမ္ဘောဒီးယားနိုင်ငံကို ၂၈နှစ်ကြာ အုပ်စိုးခဲ့ပြီးဖြစ် သည့် အသက်(၆၁)နှစ်ရှိပြီဖြစ်သည့် ဟွန်ဆန်က သူ့အသက် (၇၀) အရွယ်အထိ နိုင်ငံကို အုပ်ချုပ်မည်ဟုွေကြးကြော်ထား သည်။
 ဘီဘီစီ။

Post a Comment

 
Top