
မြန်မာအွန်လိုင်းသတင်း 9.9.2013
ဆင်ဖမ်းမုဆိုးများက အဆိပ်များအသုံးပြုကာ
ဆင်ဖမ်းမှုများပြုလုပ်ခဲ့ခြင်းကြောင့် ဇင်ဘာဘွေနိုင်ငံရှိ ဝှန်းအမျိုးသား
ဥယျာဉ်၌ ဆင် ၄၁ ကောင် သေဆုံးခဲ့ရသည်ဟု တာဝန်ရှိသူများကပြောကြားကြောင်း
စနေနေ့ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ယင်း ဇင်ဘာဘွေအမျိုးသားဥယျာဉ်မှ
ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကာရိုလိုင်းခါနာဟာက ပြောကြားရာ၌
ဆင်ဖမ်းမုဆိုးများသည် ဆိုင်ယာနိုက်အဆိပ်ကို ဆားနှင့်ရောနှောကာ
ဆင်များကိုကျွေး၍ သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသည်ဟုဆိုသည်။ ဇင်ဘာဘွေ နိုင်ငံ၌
ဆင်များကို ဥပဒေမဲ့ အမဲလိုက်သတ်ဖြတ်ခြင်းသည် အဆိုးရွား ဆုံးပြစ်မှုကို
ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြော ဆိုသည်။
ဇင်ဘာဘွေနိုင်ငံမှ ဆင်များနှင့်ကြံ့များအား
သတ်ဖြတ်မှုများ မကြာသေးမီနှစ်များအတွင်း မြင့်မားလာပြီး ယင်းသို့
သတ်ဖြတ်မှု နှုန်းမြင့်မားလာခြင်းမှာ အဆိုပါသတ္တဝါများ၏
ဦးချိုနှင့်အစွယ်များအား အာရှနိုင်ငံများမှ ဝယ်လိုအားမြင့်တက် လာမှုကြောင့်
ဟုဆိုသည်။
ဘီဘီစီ။
Post a Comment