
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့
ကျီးနီကန်အမှတ်(၁) မြောင်းရေသောက် ဆည်ကြီးကွင်း၊ သင်ပန်းကုန်းကွင်း အစရှိ
သော စပါးစိုက်ဧရိယာများတွင် စိုက်ပျိုးရေ မရရှိ၍ ယနေ့ထက်တိုင်စပါး
မစိုက်ရသေး ကြော င်း သိရသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းသော ကြောင့်
ကျီးနီကန်အတွင်းတွင်လည်း ရေ ဝင်ရောက်မှုနည်းကာ စိုက်ပျိုးရေမရရှိသဖြင့်
စိုက်ပျိုးရေရရှိရေးအတွက် မိုးကိုမျှော်နေကြ ရသည်။
စပါးမျိုးတင်း ၂၀ ကျော် ပျိုးထောင်ထား သည်မှာ
နှစ်လကျော်ပြီဖြစ်ကြောင်း၊ သုခ စပါးမျိုးဖြစ်၍ ယခုအခါ စိုက်ပျိုးရေရရှိပါက
အချိန်မီသေးကြောင်း၊ မျိုးဖိုး၊ ထွန်ရှဉ်းခ၊ အလုပ်သမားခ စုစုပေါင်း
ကုန်ကျစရိတ် နှစ် သိန်း ဝန်းကျင်ရှိကြောင်း၊ စပါးစိုက်ပျိုး နိုင်မှသာ
ယင်းကုန်ကျစရိတ်ပြန်လည်ရရှိနိုင် မည်ဖြစ်ကြောင်း သင်ပန်းကုန်းကွင်း စပါး
စိုက်တောင်သူတစ်ဦးက ပြောသည်။ ယခုအခါ ယင်းကွင်းများတွင် ကျီလွဲမိုး၊
ကန်ဆင်းမိုးရွာ သွန်းရက် လွန်ပြီးနောက် စိုက်ပျိုးရေမရရှိပါက
အစားထိုးသီးနှံစိုက်ပျိုး ကြရန်ကြိုတင်ပြင်ဆင်ထားကြသည်။
ယခင်နှစ် ဩဂုတ်လအတွင်းတွင် စပါး စိုက်ပျိုးပြီး၍
ထွန်တုံးပိတ်ပြီဖြစ်ကြောင်း၊ ၁၉၉၀-၁၉၉၁ ခုနှစ် ဝန်းကျင်ကလည်း ယခု ကဲ့သို့
မိုးရွာသွန်းမှုနည်းခြင်းကြောင့် ကျီးနီ ကန်မှ စိုက်ပျိုးရေမရရှိ၍
အစားထိုးသီးနှံ နေကြာစိုက်ခဲ့ရကြောင်း ဘက်စုံစိုက်ပျိုးရေး ခြံမှ
ဦးကိုကိုလတ်က ပြောသည်။ စပါးစိုက်တောင်သူများမှာ ယခုအခါ
စပါးစိုက်ပျိုးရေရရှိရေးအတွက် မိုးကိုအချိန်နဲ့ အမျှ မျှော်လင့်နေရကြောင်း
သိရသည်။
(လှိုင်သန်းတင့်-ရမည်းသင်း)
Post a Comment