
ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရတပ်ဖွဲ့များနှင့်
မွတ်စလင်သူပုန် များအကြား တိုက်ပွဲများဖြစ်ခဲ့ရာ စစ်သည်တစ်ဦးသေဆုံးပြီး
ခြောက်ဦးဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြော သည်။
မင်ဒါနာအိုကျွန်း၏မြို့တော် ဇန်ဘိုအန်ဂါ ၌ မိုရိုအမျိုး
သားလွတ်မြောက်ရေးတပ်ဦး (အမ်အန်အဲလ်အက်ဖ်)မှ အဖွဲ့ဝင်များဟု ယူဆရသော
လက်နက်ကိုင် ၁၀၀ခန့်သည် တနင်္လာနေ့ နံနက်စောစောပိုင်းတွင်
သင်္ဘောတစ်စင်းဖြင့် ရောက်ရှိ လာကြသည် ဟုပြောသည်။
တိုက်ပွဲသည် ကမ်းခြေမှသည် မြို့တော်၏လူစည်ကားရာ
ရိုင်ယိုဟွန်ဒိုနယ်မြေအထိ ပျံ့နှံ့ခဲ့သည်။ ၁၉၉၆ ခုနှစ်က အမ်အန်အဲလ်အက်ဖ်သည်
အစိုးရနှင့် ငြိမ်းချမ်းရေးသဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် အချို့ သောတိုက်ခိုက်ရေးသမားများက လှုပ်ရှားနေဆဲဖြစ်သည်။
ရိုင်ယိုဟွန်ဒို၌ နေထိုင်ကြသူများသည် တိုက်ပွဲအန္တရာယ် မှလွတ်မြောက်ရန်
ထွက်ပြေးကြသည်။ သူပုန်များသည် ခန့်မှန်းခြေ လူ ၂၀ ကို
ဓားစာခံများအဖြစ်ဖမ်းဆီးထားကြောင်း မြို့တော်ဝန် အစ္စဘဲလ်စလီမာ ကိုဘာလာဇာက
အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြား သည်။
ဇန်ဘိုအန်ဂါမြို့ကို အမ်အန်အဲလ်အက်ဖ်တို့ ဝင်ရောက်
တိုက်ခိုက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြို့တော်ခန်းမတွင်
၎င်းတို့၏လွတ်လပ်ရေးနဖူးစီးစာတန်းကို လွှင့်ထူရန်ဖြစ် ကြောင်း
မြို့တော်ဝန်က ထပ်မံပြောဆိုခဲ့သည်။ အစိုးရလက်နက်ကိုင်တပ်ဖွဲ့များ၏
ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ရာမွန်ဇာဂါလာက တပ်ဖွဲ့ဝင် ၈၀၀
ခန့် ကို မြို့တော်လုံခြုံရေးအတွက် ဖြန့်ကြက်ထားပြီးကြောင်း ပြောသည်။
အခြားဒေသများသို့ တိုက်ပွဲများ ဆက်လက်ပျံ့နှံ့မသွားစေ ရေးအတွက်
သူပုန်များကို ထိန်းချုပ်ရန် ကြိုးစားလျက်ရှိ ကြောင်း
၎င်းကအေအက်ဖ်ပီသို့ပြောကြားသည်။ ဘီဘီစီ။
Post a Comment