စပိန် ထိပ်သီးကလပ် ရီးယဲမက်ဒရစ်၏ ၂၀၁၂-၁၃
ဘဏ္ဍာရေးနှစ်တွင် အသင်းဝင်ငွေ ယူရို ၅၂၀.၉ သန်း ရှိခဲ့ပြီး ၎င်းပမာဏသည်
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ဝင်ငွေထက် ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း
သိရသည်။
ထို့ကြောင့် ရီးယဲမက်ဒရစ်သည် နှစ်နှစ်ဆက်တိုက် ဝင်ငွေ ယူရို သန်း ၅၀၀ ကျော်သည့် တစ်ခုတည်းသော ဘောလုံး အသင်းဖြစ်လာခဲ့သည်။ ရီးယဲမက်ဒရစ် အသင်း၏ အသားတင် အမြတ်ငွေသည် ယူရို ၃၆.၉ သန်းရှိခဲ့ပြီး ၎င်းပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အမြတ်ငွေထက် ၅၂.၄ ရာခိုင်နှုန်း တိုးပွားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အသင်း၏ ကြွေးမြီမှာလည်း ၂၇.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယူရို ၉၀.၆ သန်းသာရှိတော့ကြောင်း သိရသည်။

Post a Comment