ဘာစီလိုနာ ကွင်းလယ် ကစားသမား ဇာဗီက
၂၀၁၃-၁၃ ဘောလုံးရာသီ အစတွင် ခြေစွမ်းပြသ နေသည့် အသင်းကစားဖော်
ဖာဘရီဂတ်စ်သည် အသင်းအတွက် အရေးပါသည့် ကစားသမား တစ်ဦးဖြစ်ကြောင်း
ချီးကျူးပြောကြားလိုက်သည်။
နွေရာသီ အပြောင်းအရွှေ့ကာလက မန်ချက်စတာယူနိုက်တက်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည့် ဖာဘရီဂတ်စ်သည် ဘာစီလိုနာ နည်းပြ ဂါရာဒို မာတီနို၏ လက်အောက်တွင် ပုံမှန် ပွဲထွက်ခွင့်ရရန် အာမခံချက် ရခဲ့ပြီးနောက် ယခုနှစ် ဘောလုံး ရာသီတွင် အသင်း၏ မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်လာဖွယ် ရှိသည်

“ဘာကာမှာ တွေ့ဖူးသမျှ ကွင်းလယ် ကစားသမားတွေထဲမှာ ဆက်ဟာ ထူးခြားတဲ့ သူတစ်ဦးပါ။ သူဟာ ဂိုးဖန်တီးမှု ပြုလုပ်နိုင်သလို ဂိုးတွေလည်း သွင်းနိုင်သူပါ။ သူ့ကို ပိုင်ဆိုင်ထားတဲ့ အသင်း အတွက်တော့ ဒါဟာ အလွန်ကောင်းတဲ့ အချက်ပါ” ဟု ဇာဗီက သတင်းထောက်များထံ ပြောကြားခဲ့သည်။
ဆက်လက်ပြီး “သူဟာ ကွင်းလယ်မှာ ကစားနိုင်သလို ရှေ့တန်းမှာလည်း ကစားနိုင်တဲ့အတွက် သာမန်ထက် ထူးခြားသူတစ်ဦးလို့ ဆိုရမှာပါ။ သူဟာ တိုက်စစ်မှူးတွေအတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးသလို တိုက်စစ်အတွက် နေရာလွတ်တွေဖန်တီးပြီး ဂိုးသွင်းယူနိုင်သူပါ” ဟု ဇာဗီက ချီးကျူးပြောကြားခဲ့သည်။
ဇာဗီနှင့် ဖာဘရီဂတ်စ်တို့ နှစ်ဦးသည် သောကြာနေ့တွင် ဖင်လန်နှင့် ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် စပိန်အသင်း၌ ပါဝင်ကစားကြမည်ဖြစ်သည်။
Post a Comment