မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမှာ အခုလကုန် ပိုင်းကျရင် ကျင်းပဖို့ ရှိတဲ့ နိုင်ငံတကာ အလေးမ ပြိုင်ပွဲမှာ တောင်ကိုရီးယား နိုင်ငံတော် အလံကို လွှင့်ထူခွင့် ရနိုင်ဖို့ အခြေအနေရှိနေပြီး အလံ တင်ခွင့် ရခဲ့ရင်တော့ ဒါဟာ တောင်ကို ရီးယား အလံကို မြောက်ကိုရီးယား နိုင်ငံမှာ ပထမဆုံးအကြိမ် လွှင့်တင်နိုင်မှု ဖြစ်သွား ပါလိမ့်မယ်။
တောင်ကိုရီးယားတို့ ရွှေတံဆိပ်ရခဲ့ရင် ဆုပေးခဲ့တဲ့အခါ ပြုံယမ်းအနေနဲ့ တောင်ကိုရီးယား နိုင်ငံတော် သီချင်းကို တီးမှုတ်ဖို့ ခွင်ပြုပေးမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
၂ နိုင်ငံ ဆက်ဆံရေး မပြေလည်မှုတွေ ဆက်ဖြစ်နေတဲ့ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံဟာ မကြာသေးခင် သတင်းပတ်တွေအတွင်း ဆက်ဆံရေး တိုးတက် ကောင်းမွန်လာခဲ့တာကို တွေ့ရပါတယ်။
နှစ်ဘက် တင်းမားမှုတွေ မြင့်တက်ခဲ့တဲ့ ဒီနှစ် အစောပိုင်းတုန်းက ဖြတ်တောက်ထားခဲ့တဲ့ နှစ်ဘက် စစ်ဖက်ဆိုင်ရာ အရေးပေါ် တယ်လီဖုန်းလိုင်းကိုလည်း အခုအခါ ပြန်ဖွင့်ထားခဲ့ပြီ ဖြစ်ပါတယ်။

Post a Comment

 
Top