ရုရှားကလပ်အန်ဇီမှ ဘရာဇီးကွင်းလယ်ကစားသမား ဝီလီယမ်သည် ချယ်လ်ဆီးကို ပြောင်းရွှေ့ လာခဲ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ကြိုးစား နေရကြောင်း ၄င်းက ပြောကြားသည်။
        မန်ယူသို့ ပြောင်းရွှေ့လာသော ကွင်းလယ်ကစားသမားဖယ်လိုင်နီက မိမိသည် မန်ယူအတွက် ဂိုးများသွင်းပေးနိုင်ရန် ကူညီပေးသွားမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြားသည်။
        အာဆင်နယ်သို့ ပြောင်းရွှေ့လာခြင်းမှာ မိမိအတွက်ရော အာဆင်နယ် အတွက်ပါ အောင်မြင်မှုများ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း အိုဇေးလ်က ပြောကြားသည်။
         ချက်ဘောလုံးအဖွဲ့ချုပ်က ယူရို ၂ဝ၂ဝ ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် ကြိုးစား မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
     လက်ရှိနည်းပြ  ဖာတာရန်အား ဂါလာတာစာရေးအသင်းက နှစ်နှစ် စာချုပ်ချုပ်ဆိုလိုက်သည်။
         ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား မာတီနက်ဇ်  တံကောက်ကြော ဒဏ်ရာရရှိခဲ့မှုကြောင့်  တစ်လခန့်အနားယူရမည့်အတွက်  အသင်းထိခိုက်စေကြောင်း နည်ပြဂွာဒီယိုလာက ပြောကြား သည်။
      ပြင်သစ်နည်းပြဒက်ချမ့်က ၂ဝ၁၄ ကမ္ဘာ့ဖလားအတွက် ရည်မှန်းချက် မြင့်မြင့်ထားရှိကြောင်း သတင်းထောက်များအား  ပြောကြားသည်။
Featured News:

Post a Comment

 
Top