ချယ်လ်ဆီးမှ ထွက်ခွာဖွယ် ရှိနေကြောင်း ထင်ကြေးများ အပေါ် ဟွမ်မာတာက ကိုယ်တိုင် ငြင်းဆို သွားခဲ့ကြောင်း သိရှိရသည်။
ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟို လက်အောက်တွင် ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့် စပိန် လက်ရွေးစင်သည် အသင်းကို စွန့်ခွာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြနေသည့်တိုင် ကာယကံရှင် ကိုယ်တိုင်ကမူ စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ပျော်ရွှင်နေကြောင်း ဖွင့်ဟသွားသည်။ အန်းဇီး အသင်းမှ ဝီလျံ ရောက်ရှိလာပြီးနောက် ပထမ အသင်း ပွဲထွက်ခွင့် ပိုမိုကျပ်တည်း သွားသည့်တိုင် မာတာက မိမိသည် အသင်းမှ ဆက်နေရန် စိတ်ကူးထားခြင်း မရှိဟု ဆိုသည်။

"ကောလာဟလတွေ ထွက်ပေါ်တတ်တယ် ဆိုတာက ဈေးကွက်ကာလတိုင်းမှာ ကြုံနေရကျ အခြေအနေ တစ်ရပ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ချယ်လ်ဆီးမှာ ပျော်နေတယ်"ဟု မာတာက Chelsea TV သို့ ပြောကြားခဲ့သည်။ ၎င်းက "ချယ်လ်ဆီးနဲ့ အတူ သိပ်ကို ကောင်းမွန်တဲ့ ဘောလုံးရာသီ (၂)ခုကို ကျွန်တော် ဖြတ်သန်းပြီးပြီ။ ကျွန်တော့် ကစားသမား ဘဝရဲ့ အကောင်းဆုံး ကာလတွေလို့တော့ ပြောနိုင်ပါတယ်။ ဒီရာသီမှာလည်း အဲဒီလို အခြေအနေမျိုး ကြုံဖို့ပဲ ကျွန်တော် မျှော်လင့်တယ်။ ပြီးခဲ့တဲ့ (၂)နှစ်အတွင်းမှာ ကျွန်တော်တို့ အစွမ်း ရှိသလောက် ဆုဖလားတွေ ရယူနိုင်ခဲ့တယ်။ ဒီရာသီလည်း အဲဒီလို ဖြတ်သန်းမှုမျိုး ပိုင်ဆိုင်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ဖွင့်ဟသွားသည်။

Post a Comment