
ဆီးရီးယားသမ္မတ ဘရှားအာဆတ်၏ အစိုးရအဖွဲ့သည်
ဓာတုလက်နက်အားလုံးကို နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ရက်သတ္တတစ်ပတ်အတွင်း
အပ်နှံမှသာလျှင် ၎င်း၏နိုင်ငံကို စစ်ရေးအရအရေးယူခြင်းမှ
ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက
စက်တင်ဘာ ၉ ရက်တွင် ပြောကြားလိုက်သည်။ ဂျွန်ကယ်ရီသည်
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဝီလျံဟိတ်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက်
ပူးတွဲကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း
ပြောကြားခြင်းဖြစ်သည်။
သမ္မတအာဆတ်သည် နိုင်ငံတကာ အသိုင်းအဝိုင်းသို့
ဓာတုလက်နက်များအားလုံးကို လုံးလုံးလျားလျားလွှဲပြောင်း
ပေးအပ်ရမည်ဖြစ်ကြောင်း လာမည့်ရက်သတ္တပတ်အတွင်း မလွဲဧကန်
လွှဲပြောင်းပေးအပ်ရန်လိုအပ် ကြောင်း ကယ်ရီက ပြောကြားသည်။
ဆီးရီးယားအစိုးရအဖွဲ့က အာရုံကြောထိခိုက်စေနိုင်သော
ဆာရင်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်ခဲ့သည့် အထောက်အထား မိမိတို့တွင်ရှိကြောင်း
ကယ်ရီက ပြောကြားသည်။ ဆီးရီးယားနိုင်ငံအား စစ်ရေးအရအရေးယူမှုတွင်
ဗြိတိန်နိုင်ငံပါဝင်မည်မဟုတ်သည့်တိုင်အောင် မိမိတို့နိုင်ငံက
အမေရိကန်ပြည်ထောင်စုကို သံတမန်ရေးအရ ထောက်ခံကြောင်း
ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဟိတ်က ပြောကြား
သည်။
အေအက်ဖ်ပီ။
Post a Comment