
မြန်မာအွန်လိုင်းသတင်း 12.9.2013
-------------------------------------------------------------------------------
စက်တင်ဘာ ၁ရက် ည၁၁ နာရီက
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး
အထူးမှုခင်းနှိမ်နင်းရေးဌာနစု
တပ်ဖွဲ့ ဝင်များသည် လှည့်ကင်းတာဝန် ဆောင်ရွက်စဉ်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၂၀)ရပ်ကွက် မောင်းမ ကန်လမ်း၌
FEILING-110 အနက်ရောင်ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ်တွေ့ရှိသူ
ဝင်းထွန်း(ခ) ဖိုးကာကို ဒဂုံတောင်မြို့မရဲစခန်းက အရေးယူထားပြီး ၎င်းကို
အခြားခိုးမှုများနှင့်ပတ်သက်၍ ဖော်ထုတ်စစ် ဆေးခဲ့ရာ ဩဂုတ်လအတွင်း
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပင်လုံလမ်းမပေါ်၌ ရပ်ထားသော CZI-125
အမျိုးအစားဆိုင်ကယ်တစ်စီးကို ခိုးယူကာ အခြားသူတစ်ဦး၏ ဆိုင်ကယ်ဖြင့်
အလိုက်ပေးလဲလှယ် ထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ခိုးယူခဲ့သည့်
CZI-125 ဆိုင်ကယ်ကို ပြန်လည်သိမ်းဆည်းပြီး ဒဂုံမြောက်မြို့မရဲစခန်းက
ထပ်မံအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Post a Comment