မြန်မာအွန်းလိုင်းသတင်း    9.9.2013
၂ဝ၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ဥရောပဇုန်ခြေစစ်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ကစားတဲ့အခါ စက်တင်ဘာ ၁၁ ရက်မှာ ယူကရိန်းကွင်းမှာကစားရမယ့် အင်္ဂလန်၊ ဘီလာရုစ်ကွင်းမှာကစားရမယ့် ပြင်သစ်တို့ပွဲတွေကတော့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးပွဲစဉ်တွေအဖြစ် အားပေးကြ ရ ဦးမယ်ဖြစ်ပါတယ်။
ယူကရိန်းနှင့် အင်္ဂလန်
အုပ်စု(ဇ)မှာ ခုနစ်ပွဲကစားပြီး ၁၅ မှတ်ရရှိကာ အုပ်စု(ဇ)ရဲ့ ပထမနေရာ မှာ ရပ်တည်နေတဲ့ အင်္ဂလန်အသင်း ဟာ  အုပ်စုပထမနေရာတည်မြဲဖို့ အတွက် ယူကရိန်းကို အကြိတ်အနယ် ကစားမှာ သေချာပါတယ်။  အင်္ဂလန်ကွင်းမှာ  ပထမအကျော့ကစားတဲ့ ရလဒ်က တစ်ဂိုးစီနဲ့ အင်္ဂလန်တို့ သရေပွဲဖြစ်ထားတာမို့ ဒီပွဲမှာ တော့  အင်္ဂလန် တို့ခြေကုန်ထုတ်တော့မှာ     ဖြစ်ပါ တယ်။
အင်္ဂလန်အသင်းဟာ ယူကရိန်းကွင်းမှာ ကစားတိုင်း ကံကောင်းလေ့မရှိ တာမို့  အဲဒီအစဉ်အလာကို   ဖျက်ဖို့ ကြိုးစားပါလိမ့်မယ်။   အင်္ဂလန်ဟာ မော်ဒ်ဒိုဗာအသင်းကို ဝင်ဘလေကွင်းမှာ    ဂိုးပြတ်သွင်းခဲ့တာမို့  အောင် စိတ်တွေဆူဝေနေပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး ရွန်းနေပါဝင်ဖို့ မသေချာသလို  ခံစစ်ပိုင်းအားနည်း နေတာမို့ ယူကရိန်းကို  အနိုင်ယူဖို့လွယ်ကူမှာ တော့မဟုတ်ပါဘူး။
ဆမ်မာရီနိုနှင့် ပိုလန်
အုပ်စု(ဇ)မှာ ရုန်းကန်နေရတဲ့ ပိုလန်ဟာဒီပွဲမှာတော့ အဝေးကွင်းဖြစ် ပေမယ့် အောင်ပွဲခံနိုင်တဲ့ အနေအထား ရှိပါတယ်။ ပထမအကျော့ ပိုလန်ကွင်းမှာ  ကစားတဲ့အခါ ပိုလန်တို့က ငါးဂိုး ပြတ်သွင်းယူခဲ့ပြီး နိုင်ပွဲရရှိထားတာမို့ အခုအဝေးကွင်းမှာလည်း  ဆမ်မာရီ နိုတို့ အခွင့်အရေးမရနိုင်ပါဘူး။ သွင်း ဂိုးလည်းမရှိ ပွဲတိုင်းလည်း ရှုံးနိမ့်နေတဲ့ ဆမ်မာရီနိုတို့ကို ပိုလန်တိုက်စစ်မှူး  တွေ ဂိုးဘယ်လောက်အထိ သွင်းယူနိုင် မလဲဆိုတာ ကြည့်ရမှာပါ။
ဂျော်ဂျီယာနှင့် ဖင်လန်
စက်တင်ဘာ  ၁ဝ ရက် ည ၁၁ နာရီ မိနစ် ၃ဝမှာ ကစားမယ့် ဒီပွဲက တော့ အုပ်စု (ဈ)ရဲ့ တတိယနေရာနဲ့ စတုတ္ထနေရာအသင်းတွေ အားပြိုင်တဲ့ ပွဲပါပဲ။ ဖင်လန်ကွင်းမှာ ပထမအကျော့ ပွဲစဉ်ကစားတော့   တစ်ဂိုးစီ သရေပွဲ ဖြစ်ထားတာမို့  ဂျော်ဂျီယာကွင်းမှာ ဖင်လန်တို့ ခြေကုန်ထုတ်ရပါလိမ့်မယ်။ နှစ်သင်းစလုံး မျှော်လင့်ချက်ကင်းဝေး နေတာမို့   ဂုဏ်သိက္ခာအရ ကစားကြမယ့် အနေအထားပါပဲ။ ဒါပေမယ့်  ဖင်လန်ဟာ   ဒီပွဲမှာ   အကောင်းဆုံး စွမ်းရည်ကို   ပြသသွားပါလိမ့်မယ်။
ဘီလာရုစ်နှင့် ပြင်သစ်
ပြင်သစ်အတွက် ဒီပွဲစဉ်ရလဒ်ဟာ အရေးကြီးနေပါတယ်။ အုပ်စု(ဈ)မှာ ဘီလာရုစ်တို့ကတော့  မျှော်လင့်ချက် ကင်းဝေးနေပြီး  ခြေစွမ်းပိုင်းကလည်း  အားရစရာမရှိတာမို့  ပြင်သစ်တို့ရဲ့ ကစားအား အတက်အကျပေါ် မူတည်  ပြီး  ရလဒ်ပြောင်းသွားပါလိမ့်မယ်။ ပြင်သစ်ဟာ    ဘီလာရုစ်ကွင်းမှာ အဓိက  ကစားသမားအစုံအလင်နဲ့ ပွဲ ထွက်လာမှာဖြစ်တာမို့ ဧည့်သည်ဆို ပေမယ့် ပြင်သစ်အသင်းရဲ့ စွမ်းရည် အပေါ်မှာပဲ ယုံကြည်မှုတွေထားရှိရမှာ ပါ။ ။

Post a Comment

 
Top