ငလျင်ဒဏ်ခံ Modular House များ ခွဲတမ်းချအပြီး ရခိုင်ပြည်နယ်မှာ ပါဝင်ခဲ့ပြီး မကြာမီ တည်ဆောက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။
Modular House များကို ကနဦး အစီအစဉ်အရ ငလျင်ကြောအတွင်း အန္တရာယ်ရှိနေသော မန္တလေးနှင့် စစ်ကိုင်းတို့တွင်သာ တည်ဆောက်ရန် ရှိမည်ဖြစ်သော်လည်း နောက်ပိုင်းခွဲတမ်း ချခဲ့ရာတွင် ရခိုင်ပြည်နယ် ပါဝင်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းတွင် အလုံး ၁၅၀၊ ရခိုင်ပြည်နယ်တွင် အလုံး ၁၅၀၊ စစ်ကိုင်းတိုင်းတွင် ၄၈ လုံးတို့အား ယခုလကုန်းပိုင်းမှစ၍ တည်ဆောက်မှု လုပ်ငန်းများ စတင်နိုင်ရန် သင်တန်းများ ပို့ချသွားမည် ဖြစ်သည်။
ငလျင်ဒဏ်ခံ အဆောက်အအုံ Modular House များကို တည်ဆောက်နိုင်ရန်အတွက် သင်တန်းကာလ ၁၀ ရက်ဖြင့် သတ်မှတ်ကာ သင်ကြားသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ငလျင်ကြောမှာ ပြင်းအား ၁၀ အထိ လှုပ်ခတ်ခြင်း ရှိခဲ့ဖူးကြောင်း၊ ဘူမိအနေအထားအရ သက်ရင့်ပုံဆောင်ကျောက်များဖြင့် ဖွဲ့စည်းထားသည့် ရှမ်းကုန်းပြင်မြင့်နှင့် သက်နုအနည်ကျကျောက်ဖြင့် ဖွဲ့စည်းထားသည့် ဗဟိုချိုင့်ဝှမ်းဒေသတို့ ဆက်စပ်၍ အံလွဲကြောင်းပေါ်တွင် စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့မှာ တည်ရှိနေကြောင်း . . . . .
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦး သန်းထွဋ်ဆွေက "ကျွန်တော်တို့ မန္တလေးတိုင်းမှာ သင်တန်းပို့ချ သွားမယ်။ နောက်တစ်ခုက သင်တန်းတွေပြီးတဲ့ တစ်ပြိုင်တည်းမှာပဲ အဆောက်အအုံတွေစပြီး ဆောက်လုပ်သွားမှာပါ" ဟု ပြောကြားသည်။
မန္တလေး၊ စစ်ကိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တည်ဆောက်မည့် ငလျင်ဒဏ်ခံ အဆောက်အအုံများမှာ သတ္တုများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ခံနိုင်ရည် ရစ်ခ်ျတာစကေး ခုနစ်အထိ ရှိမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းငလျင်မှာ ၁၉၅၆ ရက်က ပြင်းအားရစ်ခ်ျတာစကေး ရှစ်နှင့်ကိုးအကြားတွင် လှုပ်ခတ်သွားပြီးနောက် လူ ၅၀ နီးပါး သေဆုံးခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အဓိက သတိထားရမည့် ငလျင်ကြောကြီးတစ်ခု ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ယင်းအပြင် ငလျင်ကြောမှာ ပြင်းအား ၁၀ အထိ လှုပ်ခတ်ခြင်း ရှိခဲ့ဖူးကြောင်း၊ ဘူမိအနေအထားအရ သက်ရင့်ပုံဆောင်ကျောက်များဖြင့် ဖွဲ့စည်းထားသည့် ရှမ်းကုန်းပြင်မြင့်နှင့် သက်နုအနည်ကျကျောက်ဖြင့် ဖွဲ့စည်းထားသည့် ဗဟိုချိုင့်ဝှမ်းဒေသတို့ ဆက်စပ်၍ အံလွဲကြောင်းပေါ်တွင် စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့မှာ တည်ရှိနေကြောင်း ပညာရှင်များ၏ သုံးသပ်ချက်အရ သိရသည်။
စစ်ကိုင်းငလျင်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြင်းအားရစ်ခ်ျတာစကေး ၆ ဒသမ  ၈ အဆင့်ဖြင့် နောက်ဆုံးလှုပ်ခတ်ထားပြီး လူဒါဇင်ဝက်ထက်မနည်း သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

Post a Comment

 
Top