ယမန်နေ့ညက ကစားခဲ့ သော မန်ယူနှင့် လီဗာပူးပွဲတွင် မန်ယူက သုံးဂိုးပြတ်ဖြင့် မဟာပြိုင်ဘက် လီဗာပူးကို အနိုင်ယူခဲ့သည်။ယင်းမှာ မန်ယူ၏ ခြောက်ပွဲဆက်တိုက်နိုင်ပွဲဖြစ်ပြီး ပြိုင်ဘက်နှစ်သင်း၏ ကံကြမ္မာအလှည့် အပြောင်းကို ထင်ဟပ်နေသည်။

ဝိန်းရွန်းနေနှင့် မာတာတို့က ပထမပိုင်းမှာပင် မန်ယူအတွက် ဂိုးများသွင်းယူခဲ့ပြီး ဗန်ပါစီက ၇၁ မိနစ်တွင် တတိယဂိုးသွင်းယူကာ လီဗာပူးနည်းပြ ရော်ဂျာကို ဖိအား ပိုများစေခဲ့သည်။

မန်ယူသည် တတိယနေရာ တွင် ဆက်လက်ရပ်တည်နေပြီး ထိပ်ဆုံးမှ ချယ်လ်ဆီးနှင့် ရှစ်မှတ် ကွာဟနေဆဲဖြစ်သည်။ စနေနေ့ က ကစားခဲ့သော ပွဲများတွင် ချယ်လ်ဆီးနှင့် မန်စီးတီးက ၎င်းတို့၏ ပြိုင်ဘက်အသင်းများကို ညှတာမှုမပြသဘဲ နိုင်ပွဲများဆက်ခဲ့သည်။

စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ချယ်လ်ဆီးက ဆယ်ဦးကျန် ဟူးလ်စီးတီးအသင်းကို အီဒင်ဟားဇက် နှင့် ဒီယေဂိုကော်စတာတို့၏ ဂိုးများဖြင့် အနိုင်ရပြီး ပရီးမီးယား လိဂ်ထိပ်ဆုံးနေရာ ဆက်လက်ဆုပ်ကိုင်ထားသည်။ မန်စီးတီးက ဇယားအောက်ဆုံးမှ လက်စတာစီးတီး ကို ဖရန်းလမ်းပတ်၏ မိနစ် ၄၀ တွင် သွင်းယူသောဂိုးဖြင့် အနိုင်ယူခဲ့သည်။ နံပါတ် ၄ နေရာမှ ၀က်စ် ဟမ်းမှာမူ ဆန်းဒါးလန်းနှင့် တစ်ဂိုးစီသရေကျကာ တစ်မှတ်စီခွဲယူခဲ့ရ သည်။
 —Ref:Goal

Post a Comment

 
Top